Menu
Join / Login
ᴘɪᴄꜱ ᴀɴᴅ ʀᴇꜱᴏᴜʀᴄᴇꜱ • Oct 25, 2026

About Clipper Malware/ Stealer Malware

Post Image

ကွန်ပျူတာများတွင် ဖြစ်တတ်သော TRC20 လိပ်စာ အလိုအလျောက် ပြောင်းလဲခြင်း (Clipper Malware) ပြဿနာများ


ယခုတလော Computer သုံးနေသူများ၊ အထူးသဖြင့် Crypto ငွေကြေးနှင့် Blockchain နည်းလမ်းများကို အသုံးပြုနေသူများကြားတွင် စိုးရိမ်စရာကောင်းသည့် ပြဿနာတစ်ခု ကြုံတွေ့နေရတတ်ပါသည်။ ၎င်းမှာ မိမိကူးယူထားသော စာသားများ သို့မဟုတ် ငွေလွှဲလိပ်စာများနေရာတွင် ကိုယ်တိုင်မကူးထားဘဲ TRC20 လိပ်စာကြီးတစ်ခုတည်းကသာ အလိုအလျောက် ဝင်ရောက်လာပြီး Paste ဖြစ်နေသည့် ပြဿနာ ဖြစ်ပါတယ်


အဲ့လို Copy ကူးထားပြီး paste လုပ်တိုင်း လိပ်စာတစ်ခုထဲ အမြဲ ထွက်နေခြင်းက Software အမှား၊ keyboard shortcut အမှားတွေတစ်ခုမှမဟုတ်ပါဘူး။ သူ့ကိုတော့ နည်းပညာလောကမှာ Clipboard Hijacking သို့မဟုတ် Clipper Malware လို့ခေါ်ပါတယ်။


ဝင်ရောက်လာခြင်း: User မသိလိုက်ဘဲ စက်ထဲသို့ ဝင်ရောက်လာသော Malicious Software (Stealer သို့မဟုတ် Clipper) တစ်ခုခုက Background တွင် အလုပ်လုပ်နေခြင်း ဖြစ်သည်။

Clipboard ကို စောင့်ကြည့်ခြင်း: ထို Virus သည် ကွန်ပျူတာ၏ Clipboard history ကို အမြဲတမ်း စောင့်ကြည့်နေတာပဲဖြစ်ပါတယ်။

အလိုအလျောက် အစားထိုးခြင်း: User က မည်သည့်စာသား သို့မဟုတ် မည်သည့် Crypto လိပ်စာကိုပင် Copy ကူးကူး၊ ဗိုင်းရပ်စ်က ၎င်း၏ သတ်မှတ်ထားသော လိပ်စာ နှင့် အလိုအလျောက် အစားထိုးပစ်လိုက်သည်။ ထို့ကြောင့် Paste ပြန်လုပ်သည့်အခါ လိပ်စာအမှန် မပါလာဘဲ ထိုလိပ်စာအဟောင်းကြီးသာ ထွက်လာခြင်း ဖြစ်သည်။


ဘယ်လောက် အန္တရာယ်များလဲ...?

အကယ်၍ ထိုသို့ပြောင်းသွားသော TRC20 လိပ်စာသည် အခြားသူများ၏ ငွေလွှဲမှုများမှ ငွေဝင်ရောက်နေသည်ကို တွေ့ရှိရပါက၊ ၎င်းသည် ရိုးရိုးဗိုင်းရပ်စ်သက်သက် မဟုတ်ဘဲ အလွန်အမင်း အန္တရာယ်များသော Crypto Drainer သို့မဟုတ် Advanced Stealer Malware တစ်မျိုး ဖြစ်နေပါပြီ။


ငွေလွှဲသည့်အခါ လိပ်စာအမှန်ထင်ပြီး ထိုလိပ်စာအတိုင်း Paste လုပ်မိပါက ငွေများ အခြားသူ့ထံသို့ အပြီးတိုင် ပါသွားမည်ဖြစ်သည်။

ကွန်ပျူတာအတွင်းရှိ အခြားသော Crypto Wallet တွေ၊ ကိုယ်ရေးအချက်အလက်များနှင့် အရေးကြီးသော Password များကိုပါ ခိုးယူခံရနိုင်ချေ ရှိသည်။


ဘယ်လိုဖြေရှင်းရမလဲ...?

အကယ်၍ သင့်စက်မှာ ဒီလိုဖြစ်နေပြီဆိုရင်တော့ အောက်ကအချက်တွေကို အမြန်ဆုံးလုပ်ဆောင်ဖို့လိုပါတယ်။


1. Disconnected Connection

Stealer များသင့်အချက်အလက်တွေကိုဆက်လက်ပြီး control မလုပ်နိုင်အောင် computer ရဲ့ WIFI or LAN ကိုချက်ခြင်း ဖြတ်တောက်လိုက်ပါ။

2. ငွေကြေးလွှဲပြောင်းမှုများကိုချက်ခြင်းရပ်တန့်လိုက်ပါ။

3. ကျွန်တော့်ဆီဒါမှမဟုတ် ကျွမ်းကျင်သူများထဲအကူအညီတောင်းပါ။

အကယ်၍ အကူအညီတောင်းခံပါက ဒီလိုအရာများဘယ်က ဝင်ထားတယ်ဆိုတာကိုသိနိုင်ဖို့ စစ်ဆေးရန်လိုအပ်သောကြောင့် Remote Desktop လိုမျိုးဖွင့်ပေးဖို့လိုအပ်ပါတယ်။ AnyDesk/TeamViewer သို့မဟုတ် Windows မှာ default ပါသော Quick Assist ကဲ့သို့သော Remote Desktop software များလက်ခံပေးဖို့လိုအပ်ပါတယ်။


ကိုယ်တိုင် စစ်ဆေးချင်တယ်ဆိုရင်တော့ Task Manager, Control Panel တို့ကို သုံးပြီး သံသယဖြစ်စရာများကိုရှာဖွေပြီး ဖယ်ထုတ်နိုင်ပါတယ်။ ဒီလိုပြသနာမျိုးကြုံတွေ့ရင်တော့ ကျွန်တော့်ဆီကိုလည်း အကူအညီလာတောင်းလို့ရပါတယ်။ သိသိမသိသိ ကူညီပေးပါတယ်ဗျာ.....


မှတ်ချက်။ ။ပုံထဲက code သည် simple သာဖြစ်ပြီး အလုပ်လုပ်ပုံကို ရေးသားထားခြင်းသာဖြစ်ပါတယ်။ Clipboard Monitoring. Pattern Matching. Clipboard Overwriting, User Paste လုပ်တဲ့အခါ လိပ်စာအမှန်မဟုတ်တော့ပဲအစားထိုးပေးထားသော လိပ်စာကိုသာ paste ဖြစ်စေကြောင်းရှင်းလင်းပြထားသော code ပဲဖြစ်ပါတယ်။ ထို code ကို python ဖြင့်ရေးသားထားပါသည်။

IT-Knowledge 5 views